စောစောမဲပေးခြင်းအားဖြင့် ရွေးကောက်ပွဲနေ့ လူတန်းများကို ၡောင်ၡားနိုင်ပါသည်။ စောစောမဲပေးရန် မဲပေးစင်တာများကို အယ်လ်အေကောင်တီ တစ်၀န်း ဖွင့်ပေးထားပြီး မဲပေးစင်တာအားလုံးကို မတ်လ ၂ ရက်နေ့ စတင်ဖွင့်ပါမည်။ မစောင့်ပါနှင့် - ယနေ့ သင့်မဲကို ထည့်လိုက်ပါ။
📍 PLAN.LAVOTE.GOV တွင် သင့်အနီးၡိ မဲပေးစင်တာတစ်ခုကို ၡာပါ။
🗳️ယနေ့ရွေးကောက်ပွဲနေ့ပါ။ သင်၌ မဲပြား ရှိပါသေးသလား။ တန်းစီရန်မလိုဘဲ သင့်အသံကို ကြားစေရန် အချိန်ရှိပါသေးသည်။ ည ၈း၀၀ နာရီ နောက်ဆုံးထား၍ အယ်လ်အေကောင်တီတွင် မည်သည့် မဲထည့်ပုံး သို့မဟုတ် မဲပေးစင်တာမဆို ရှာပြီး ပေးလိုက်ပါ။ သင့်အတွက် အဆင်ပြေဆုံး တည်နေရာရှာရန် PLAN.LAVOTE.GOV တွင် ဝင်ရောက်ကြည့်ရှုပါ။
အယ်လ်အေကောင်တီမဲဆန္ဒရှင်များ- သင့်အသံကို ကြားအောင်လုပ်ရန် ယခုထက် လွယ်ကူသည့်အချိန် မရှိခဲ့ဖူးပါ။ စာတိုက်မှ စောစောမဲပေးရန် ရွေးချယ်ပါ။ ယင်းသည် ရိုးရှင်း၊ အဆင်ပြေ၍ စာတိုက်ပုံး သို့မဟုတ် မဲထည့်ပုံးတွင် ထည့်ရန် ခဏသာကြာပါသည်။ PLAN.LAVOTE.GOV တွင် စာတိုက်မှ မဲပေးဖို့ စီစဉ်ပါ။
၂၀၂၄ ခုနှစ် မတ်လ ၅ ရက် သမ္မတလောင်း ပဏာမရွေးကောက်ပွဲတွင် စာတိုက်မှမဲပေးရန် အသင့်ပြင်နေပါသလား။ စာတိုက်မှမဲပေးဖို့ သင်၏မဲပြား ရရှိရန် ဖေဖော်ဝါရီလ ၂၀ ရက် နောက်ဆုံးထား၍ မဲစာရင်းသွင်းထားကြောင်း သေချာစေပါ။ PLAN.LAVOTE.GOV တွင် ဝင်ရောက်ကြည့်ရှု၍ မဲဆန္ဒရှင်တစ်ဦး ဖြစ်အောင်လုပ်ပါ။
သင်ရွှေ့ ပြောင်းသွားပြီလား။ LA ကောင်တီမှာ လူသစ်လား။ ဒါပထမအကြိမ် မဲပေးခြင်းလား။ ၂၀၂၄ ခုနှစ် မတ်လ ၅ ရက် သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲ နီးပါပြီ။ လာမည့် သမ္မတလောင်းများ ရွေးချယ်ဖို့ သင့်အာဏာကို ကျင့်သုံးရန် အသင့်ပြင်ပါ။ စာတိုက်မှ မဲထည့်ရန် မဲပြားရရှိဖို့ ယနေ့ သင်မဲပေးရန် စာရင်းသွင်းပြီးကြောင်း သေချာစေပါ။ ကျွန်ုပ်တို့၏ ဘိုင်အို လင့်ခ်တွင် သင်၏မဲစာရင်းသွင်းခြင်း အနေအထားကို အတည်ပြုပါ။
February 1
February 20
February 24
February 27
March 5